တို့ဗမာအစည်းအရုံးကို ၀င်ရောက်ခြင်းနဲ့ပတ်သက်၍ သူကိုယ်တိုင်းရေးသောဆောင်းပါတွင် ဖော်ပြခဲ့သည်။
ဥရောပတိုက်တွင် မြူနစ်အရေးတောပုံပေါ်ပေါက်လာခြင်းသည်ပင် ဒုတိယကမ္ဘာစစ်ကြီး မလွဲဖြစ်ရမည့်အရေးကို ကျွန်ုပ်တို့ ယခုတွက်ဆပြီဖြစ၏။ ထိုအချိန်းလောက်တွင် လက်နက်ဖြည့်တင်းရေးကိစ္စများသည် နိုင်ငံကြီးများ၌ လုံးဝပြီးစီမည်ဖြစ် သောကြေင့်တည်။ ကမ္ဘာနှင့်အမျှ စစ်မီးလောင်ချိန်တွင် တို့ဗမာများမည်သို့ခြေလှမ်းလှမ်းကြမည်ကို ကျွန်ုပ်တို့လူစု မပြောပဲ မတွေးပဲမနေနိုင်ပြီး ပြောဆိုဆွေးနွေးကြ၏။ သို့သော် ထိုအချိန်က ကမ္ဘာစစ်ကြီးမလွဲဖြစ်တော့မည်ကို တွက်ဆရုံတာ တွက်ဆမှ ၍ ဧကန်မုတ်ချက ပြောနိုင်ခဲ့သည်မဟုတ်သော်လည်း မြူနစ်မြို့၌ (အင်္ဂလိပ်နန်းရင်းဝန် ) ချိန်ဘာလိန်သည် မိမိနိုင်ငံတော်ကြီး၏ ဂုဏ်သိက္ခာကိုမျှမငဲ့ မထောက်နိုင်ရှာတော့၊ ဟားရ်ဟစ်တလာ ကြေးအေးနှစ်သိမ်းရေးအတွက် ဦးနှိမ်းလိုက်သည့်အခါတွင်ကား ကမ္ဘာစစ်ကြီး ကမ္ဘာတံခါး၌ ဆိုက်ရောကနေပြီးဖြစ်ကြောင်းကို သဲထိတ်ရင်ဖိုသိရှိခဲ့ရလေတော့၏။ ကမ္ဘာစစ်ကြီးဖြစ်တော့မည်။ ဗမာအခြေကဘယ်နည်း။ ဗမာတွေ ဘာလုပ်ကြမည်နည်း။ ဤပြဿနားက ကျွန်ုပ်တို့ရှေ့တွင် အလျှိုလျှို တသီးကြီးပေါ်လာ တော့သည်။ တခုတည်းသော အဓိဋ္ဌာန်းကိုရုတ်ခြည်းကျွန်ုပ်ပြုလိုက၏။ ငါ့အတွက်ဖြစ်လိုရာဖြစ်စေတော့အံ။ နိုင်ငံရေးဂယက်ဝဲ အတွင်းသို့ ခြေစုံပစ်၍ဇွတ်ဆင်းကာ ငါ၏နိုင်ငံလွတ်လပ်ရေးအတွက် မနေမနား စွန့်စားလုံးပမ်းတော့အံ့။ ဤအဓိဋ္ဌာန်းကို သန်း သန်းကြီးပြုလိုက်မိတော့၏။ မည်သူသည် ဤသို့ အခါကောင်းအခွင့်ထုး ရွှေလမ်းဖြူးနေသည့်အခိုက်အတန့်မျိုးတွင် မည်သူ သည် နိုင်ငံအတွက် စွန်းစားရေးကို လက်လွတ်မခံနိုင်ခြိမ့်မည်နည်း။ ဟိသစ္စံ ထိုစကားမှန်၏ ကျွနိုပ်အတွက်မှန်လှ၏။ ကျွန်ုပ် လက်လွတ်မခံ။ စွမ်းအားရှိသလောက် ကိုယ်လူမျိုးကြုံတွေ့နေရသော ကြမ္မာဆိုးကို ကပြောင်းကပြင် မှောက်လှန်ထုထွေ အမြစ် ပါနုတ်၍ချေတော့အံ။ သခင်းအစည်းအရုံးမှ တဆင့်နိုင်ငံလွတ်လပ်ရေး တိုက်ရန်တိုက်ပွဲအတွင်းသို့ကျွန်ုပ်စတင်သက်ဆင်းမိခဲ့ လေသည်။ လို့ရေးသားခဲ့သည်။
No comments:
Post a Comment