Monday, June 28, 2010

ညို (သို့မဟုတ်) မပြီးသေးသော ရေဆေးပန်းချီကားတစ်ချပ်

မျိုးမြင့်မောင်

နောက်ကြည့်မှန်
ရေးသူ - မင်းကိုနိုင်
စာမျက်နှာ (၁၇၁)
ပထမအကြိမ်- ၂၀၀၉ အောက်တိုဘာ
ထုတ်ဝေသူ- အေအေပီပီဘီ
အုပ်ရေ - ၁၀၀၀

စာမျက်နှာ (၁၇၁) မျက်နှာသာရှိသော သူ့စာအုပ်ကို တစ်ထိုင်တည်းအပြီး ဖတ်ပစ်လိုက်သည်။

သူသည် ခံစားတတ်သူဖြစ်သည်။

ခံစားမှုဟုဆိုရာ၌ နံ့သာထုံသောည မှသည် ခေတ်ပြောင်းတော်လှန်ရေးအထိ နက်ရှိုင်းကျယ်ပြန့်သည်မဟုတ်ပါလား။

သူသည်ခံစားရုံမျှမက ဖွဲ့နွဲ့တတ်သောသူလည်း ဖြစ်သည်။ (သောကလက်/အဖေါ်ရှိပါတယ် အထီးကျန်ခြင်းလေ/ တကယ်လို့ နွယ်မျှင်ကလေးတွေနဲ့တူတဲ့ မျက်လုံးတစ်စုံသာ အထီးကျန်ခြင်းမှာ ရှိမယ်ဆိုရင် ကိုယ်တယောက်ထဲ အမြဲနေရဲပါတယ်/နောက်တခါပြန်ဆုံရင်တော့ ကိုယ်ဟာကိုယ်တန်ဖိုးထားတဲ့ သံယောဇဉ်တခုကို ဖိနပ်လို စီးတော့မှာမဟုတ်ဘူး၊ ရင်ထိုးလို ချိတ်ဆွဲထားတော့မှာပါ)

(နအဖ)စစ်အုပ်စုရဲ့အခက်အခဲ


တူမောင်ညို

(နအဖ) စစ်အုပ်စုမှာ ဘာအခက်အခဲတွေ ရှိနေသလဲ။

(နအဖ) စစ်အုပ်စုရဲ့ အခက်အခဲဆိုတာ အာဏာရှိသူရဲ့ အခက်အခဲပါ။

(NLD) နဲ့ရင်ဆိုင်နေရတဲ့အခက်အခဲ

(CFGs) တွေကို (BGFs) ပြောင်းရတဲ့အခက်အခဲ၊ နိုင်ငံတကာနဲ့ရင်ဆိုင်နေရတဲ့အခက်အခဲ စသဖြင့် ပြောကြပါလိမ့်မယ်။ ကျနော့်အထင်တော့ဖြင့် ဒါတွေဟာ အခက်အခဲတွေ ဖြစ်နေလင့်ကစား (နအဖ)စစ်အုပ်စုက သိပ်အလေးဂရုပြုလိမ့်မယ်လို့ မထင်ပါ။

ရှေ့နေ ဦးဖိုးဖြူနှင့်အဖွဲ့ကို အလုပ်သမားသမဂ္ဂကိစ္စနှင့်ပတ်သက်၍ အာဏာပိုင်များ ခေါ်ယူတွေ့ဆုံ


ရိုးမ ၃။ ဇွန်လ ၂၃၊ ၂၀၁၀

မြန်မာအမျိုးသား အလုပ်သမားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့် လျှောက်ထားခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်း အာဏာပိုင်များက သမဂ္ဂဖွဲ့စည်းရေး ဦးဆောင်သူများဖြစ်သည့် ရှေ့နေ ဦးဖိုးဖြူအပါအဝင် သမဂ္ဂဖွဲ့စည်းရာတွင် ပါဝင်သူ (၆) ဦးကို ယနေ့ နံနက်ပိုင်းက ခေါ်ယူဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

Saturday, June 19, 2010

ဓာတ်ငွေ့ပိုက်လိုင်းကိစ္စသည် သူမသာကိုယ်မနာဟု ဘန်ကီမွန်းက ပြောဆို

MIZZIMA BURMESE

ချင်းမိုင် (မဇ္ဈိမ)။ ။ တောင်ကိုရီးယား ဒေ၀ူးကုမ္ပဏီ၏ အငြင်းပွားဖွယ်ရာ မြန်မာနိုင်ငံ ရွှေသဘာဝရေနံမြေ ဓာတ်ငွေ့ပိုက်လိုင်းကိစ္စကို `သူမသာကိုယ်မနာ အခြေအနေတရပ်´ ဟု၍ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့စဉ်က ချီးကျူးထောက်ခံပြောဆိုခဲ့ဖူးကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိစ္စရပ်များအပေါ် သူ၏ သဘောထားနှင့်ပတ်သက်၍

Thursday, June 3, 2010

မြန်မာ နိုင်ငံတွင် အလုပ်သမား သမဂ္ဂ စတင်ဖွဲ့ စည်း


http://freedomnewsgroup.com
June 3, 2010


မြန်မာ နိုင်ငံတွင် အလုပ်သမား သမဂ္ဂ ပေါ်ပေါက်နိုင်ရေး အတွက် ရှေ့နေ ဦးဖိုးဖြူက ဦးဆောင်
လှုပ်ရှား နေကြောင်း သတင်းရရှိသည်။ထိုအလုပ် သမား သမဂ္ဂ တရားဝင် ရပ်တည် နိုင်ရေး အတွက်
ရှေ့နေ ဦးဖိုးဖြူက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေထံ စာရေး လျှောက် ထားပြီး ဒီနေ့ 
ညနေ မှာ ပဲ စာတိုက် ကနေ ပေးပို့ လိုက် သည် ဟု အလုပ်သမား သမဂ္ဂ တွင် ပါဝင် သူ တစ်ဦး က
Freedom News Group သို့ ပြောသည်။
သီရိမင်္ဂလာ ဈေးသူဈေးသား များ နှင့် အာဏာပိုင် တို့ ၏ အခြေအနေတင်းမာ မှု အထွတ် အထိပ် ရောက်နေ


ကျွန်တော် တို့ ဘယ်နည်းနဲ့ မှ ဒီနေရာ ကနေ ဖယ်မပေး နိုင်ဘူး ။ဟိုအရင် ဗွက်တောကတည်း က ကျွန်တော်တို့ က ဒီနေရာ မှာ ရောင်းလာတာ ဟု သီရိ မင်္ဂလာ ဈေးမှ ရာသီပေါ် သစ်သီး သစ်နှံ ရောင်း သူ တစ်ဦး က Freedom News Group သို့ ပြောသည်။

သီရိမင်္ဂလာ ဈေးဟု မဖြစ်ခင် မော်တင် ဈေး ဘ၀ကတည်းက ကုန်ခြောက် ရောင်းလာသူ တစ်ဦးက
ကျွန်တော်တို့ ဒီဈေးပြောင်းရမယ် ဆိုတာ သတင်းကြားနေတာ ကြာပြီ နိုင်ငံခြား သတင်း ဌာန
တွေကလည်း ပြောတာ ရေဒီယို မှာကြားတယ် ။ ဒါပေမယ့် ပြည်တွင်း ဂျာနယ် တွေ စာနယ် ဇင်း သမားတွေ က မပြောင်း
ရဘူးတို့ ကောလ ဟာ လ ဆိုပြီး ဖော်ပြတော့ ကျွန်တော်တို့ ဘာမှ ပြင်ဆင် ချိန် မရလိုက်ဘူး ဈေးပြောင်း
တဲ့ ဆိုတာ ဘတ်(စ)ကား ပြောင်းစီး သလို လုပ်လို့ ရတာ မဟုတ် ဘူး ဖောက်သည် နဲ့  ကုန်သည် လာဖို့ 
အဆင်ပြေ မှ ရမှာ အခု ပြည်တွင်း ဂျာနယ် တွေ ကြောင့် ကျွန်တော်တို့ ဒုက္ခရောက်ပြီ မြန်မာ ဂျာနယ်တွေ
ကို မယုံတော့ ဘူး ဟု ပြောသည်။ သီရိမင်္ဂလာဈေး ပြောင်းရွှေ့ ရမည့် သတင်းမှာ ကောလ ဟာလ သာဖြစ်ဟု ဖော်ပြထားသည့် ဧပြီလ ထုတ် မြန်မာပို့ စ်ဂျာနယ် (ထိုသတင်းကြောင့် ဈေးသူ၊ဈေးသားများ မှ ပြင်ဆင်ချိန် မရလိုက် ဟု သိရသည်)

ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို့ နယ် ကမ်းနားလမ်း တွင် ဖွင့်လှစ် ထားသည့် သီရီမင်္ဂလာဈေးကြီး အား ယခုလ ၂၈ ရက်နေ့ က စည်ပင်
ဈေး များဌာနမှ ဌာနမှုး ဦးတင်ကိုကို နှင့် အဖွဲ့ က လာရောက်ပြီး လှိုင်မြို့ နယ် ပိတောက်ချောင်း သို့ ပြောင်းရွှေ့ ရမည် ဟု လာရောက် အမိန့် ပေးသွား သည် ။

ယခု ဈေးသစ် သည် ဈေးဟောင်း အဟောင်းအား ဖျက်သိမ်းပြီးနောက် ၁၉၉၈ ခုနှစ် တွင် ပြန်လည်ဖွင့်လှစ်
ခဲ့သည့် ငါးထပ် အဆောက်အဦ ဖြစ်သည်။

သီရိမင်္ဂလာ ဈေး ၊ဈေးသူ ဈေးသား အများစု က ထိုဈေးမှ မရွှေ့ ပြောင်း လိုကြခြင်း သည့် ဈေးသစ်
တည်ဆောက် ချိန်က ၎င်းတို့ ၏ ငွေကြေးများ ထည့်ဝင်ထားရ ပြီး၊ဈေးသည် အများစု သည် ဈေးအနီး
တွင် ပင် လာရောက်အခြေအချ နေထိုင်သူများ ဖြစ်သောကြောင့် ထိုနေရာမှ ပြောင်းရွှေ့ ခြင်း မပြုလို
ကြခြင်းဖြစ်သည်။

သီရီမင်္ဂလာ ဈေး စတင် ဖွင့် လှစ် သည့် ၁၉၈၉ ခုနှစ် ကတည်းက ဈေးရောင်း လာသူ တစ်ဦးက
ဒီလိုမျိုး သူတို့ လုပ်ချင်တိုင်း လုပ်လို့ မရဘူး ဒီနေရာ ကနေ တဖ၀ါး မှ မရွှေ့ ပေး နိုင်ဘူး ဟု ပြောသည်။

အလုံမြို့ နယ်အောက်ကြည့်မြင့်တိုင်လမ်းတွင် နေထိုင်သူ တစ်ဦးက မူ သီရိ မင်္ဂလာဈေးက လက်ရှိ
အနေအထား ဆိုရင် မြို့ ပြ အင်္ဂါ နဲ့ မကိုက်တော့ ဘူး နောက်တစ်ခုက အနယ်နယ် အရပ် ရပ် က လူတွေ
ဈေးပွဲစားတွေ ၊ ကုန်စိမ်း သမားတွေ စုံတော့ စရိုက်လဲ စုံတယ် ၊ရာဇ၀တ်မှုတွေ လည်း ရှိတယ်။ ခဏ
ခဏ ညဘက်ဆို ရင် ရိုက်မှု ၊လုယက်မှု တွေဖြစ်တယ် ဟု ပြောသည်။

သီရိမင်္ဂလာ ဈေးသည် ရန်ကုန်မြို့  ၏ အဓိက ကုန်စိမ်း လက်ကားဈေးကွက် ဖြစ်ပြီးအနယ်နယ်အရပ်ရပ်
မှ ကုန်စည် များ ရန်ကုန် မြို့ သို့ စီးဝင်ရာ ဖြစ်သည်။

သီရိမင်္ဂလာ ဈေး သို့ ရန်ကုန် မြို့ မည် သည့် နေရာ မှ မဆို ခရီးသည်တင် ကားများ ဖြင့် သွား နိုင် အောင်
စီစဉ် ထားပြီး ၂၄ နာရီ ပြေးဆွဲပေးထားသည်။

သီရိ မင်္ဂလာဈေး သူ ဈေးသား များ က ပြောင်းရွှေ့ မှု အတွက် ထပ်မံ ငြင်းဆန် လျှင် သက်ဆိုင် ရာ
အာဏာ ပိုင်များ က အတင်းအဓမ္မ ပြောင်း ရွှေ့ ခိုင်းမည် ဟု သိရသည်။ည့်

ဒေါက်တာသန်းထွန်း


(ဘူမိဗေဒ အခြေခံအကြောင်းကို သမိုင်းပညာရှင်တစ်ဦးမှ ရေးသားတင်ပြထားပုံကို ဖတ်ရှု၊ တွေးတော၊ ဆွေးနွေးနိုင်ကြစေရန်နှင့် ဘူမိဗေဒကျောင်းဆင်းများမှ ဘူမိဗေဒဆိုင်ရာများကို ပိုမို ပွင့်လင်းစွာ ရေးသား တင်ပြနိုင်ကြစေရန်ရည်ရွယ်ပြီး မုံရွေးစာအုပ်တိုက် စာအုပ်အမှတ်စဉ် (၁၃၄)၊ ၂၀၀၄ ဇူလိုင်လထုတ်၊ ဒေါက်တာသန်းထွန်း၏ မြန်မာ့သမိုင်းပုံ (Myanmar History Told in Picture) စာအုပ်မှ ထုတ်နုတ်ဖေါ်ပြပါသည်။)