Saturday, October 10, 2009

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်က ENC ရဲ့ရွေးကောက်ပွဲမှာ ပါဝင် သင့်တယ်ဆိုတဲ့ တင်ပြချက်နဲ့ပါတ်သက်ပြီး တုန့်ပြန်ထားတာဖြစ်ပါတယ်။
က်စွဲ ၅.၁၀.၀၉ BBC

ENC ခေါ် တိုင်းရင်းသားလူမျိုးများကောင်စီက လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ တိုင်းရင်း သားအဖွဲ့တွေအနေနဲ့ ပါဝင်သင့်ကြောင်း ဒါမှသာ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်၊ ပြည်သူတွေရဲ့ အခွင့် အရေး တောင်းဆိုနိုင်မှာ ဖြစ်တဲ့အကြောင်း မကြာခင်က မြန်မာနိုင်ငံကိုသွားခဲ့တဲ့ ဆီးနိတ်အမတ် ဂျင်ဝက် ကို စာရေးတင်ပြခဲ့ပါတယ်။ ဒါကြောင့်မို့ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံဖို့နဲ့ နိုင်ငံရေး အဖွဲ့အစည်း တွေအားလုံး ပါဝင်ယှဉ်ပြိုင်ခွင့်၊ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေရေး စတာတွေ ကူညီ ပံပိုးပေးဖို့လည်း စာထဲမှာရေးခဲ့ပါတယ်။ ဒီလို ENC ကယူဆတဲ့အခါမှာ DPNS ခေါ် လူ့ဘောင်သစ် ဒီမို ကရက်တစ်ပါတီ အနေနဲ့ ENC ဟာ မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်တယ်လို့ မြင်ပါသလားလို့ DPNS ဥက္ကဌ ဦးအောင်မိုးဇော်ကို မေးကြည့်ပါတယ်။

ဖြေ။ ။ ဒီ နအဖ က တဖက်သတ်ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ ထောက်ခံတယ် ဆိုလို့ ရှိရင်တော့ အဲဒါ တစ်စုံတစ်ရာလွဲချော်တယ်လို့ ကျွန်တော့်အနေနဲ့ယူဆတယ်။ ကျွန်တော်သိသလောက် တော့ လွန်ခဲ့တဲ့တလ လောက်အထိကတော့ ကျွန်တော်တို့အင်အားစုတွေအားလုံး ကြားထဲမှာက ဒီရွေး ကောက်ပွဲကို လက်မခံဘူးဆိုတဲ့ အခြေခံအပေါ်မှာရှိပါတယ်။ တဖက်သတ်လုပ်မယ့် ၂၀၁၀ ရွေုးကောက် ပွဲကို ထောက်ခံတယ်ဆိုလိုရှိရင်တော့ အဲဒါ ကျွန်တော်တိုနဲ့အမြင်တော့ နည်းနည်းလွဲတယ်လို့ ကျွန်တော် ထင်ပါတယ်။

မေး။ ။ တနေ့တုန်းကပေါ့နော်ဒီ ENC ရဲ့တွဲဖက်အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးကို မေးတဲ့ အခါမှာ ဒီ ENC ရဲ့အယူအဆကို ပြည်တွင်းကရောပြည်ပကတိုင်းရင်းသား အဖွဲ့အစည်းတွေကပါ သဘော ပေါက်ကြတယ်လို့ပြော လို့ရှင့်။ အဲဒီတော့ဦးအောင်မိုးဇော်တို့အနေနဲ့ရော ပြည်တွင်းပြည်ပ တိုင်းရင်းသား တွေရဲ့ သဘောထားကို တီးခေါက် မိဒါမျိုးရောရှိပါသလားရှင့်။

ဖြေ။ ။ ကျနော်တို့ ကြားနေတာတွေတော့ရှိတယ်။ ဥပမာ CRPP အတွင်းရေးမှူးဦးအေးသာအောင် တို့ နောက်တခုက တိုင်းရင်းသားအပစ်ခတ်ရပ်စဲရေး၊ တိုင်းရင်းသားအင်းအားစုတွေမွန်ပြည်သစ်ပါတီတို့ မကြာခဏရေဒီယိုက နေတဆင့်သူတို့ရဲ့သဘောထားတွေကိုပြောနေကြတာတွေရှိတယ်။ နောက်တခါ SNLD ခေါင်းဆောင်တချို့ ဒီမကြာခဏ ပြောနေတာတွေရှိတယ်။ သူတို့ပြောနေတဲ့စကားတွေအရဆိုလိုရှိရင်တော့ အဲဒီပုဂ္ဂိုလ်တွေကဒီရွေးကောက်ပွဲကို လက်ခံလိမ့်မယ်လို့ ကျွန်တော်တော့ အဲဒီလိုတော့ မယူ ဆဘူးဗျာ။

မေး။ ။ ဟုတ်ကဲ့နောက်တခါဒီENC ဘက်ကပေါ့နော် ၂၀၁၀ရွေးကောက်ပွဲကိုဝင်သင့်တယ်လို့ ပြောရ ခြင်း အကြောင်းအရင်းဟာ တိုင်းရင်းသားပြည်သူတွေရဲ့အခွင့်အရေး မဆုံးရှုံးရေးလို့ပြောပါတယ်ရှင့်။ အဲတော့ဒီရွေး ကောက်ပွဲကိုဝင်မှ တိုင်းရင်းသားအခွင့်အရေးတွေကို စစ်အစိုးရက မှန်မှန်ကန်ကန်နဲ့ အစစ်အမှန် ပေးမယ်လို့ရော ဦးအောင်မိုးဇော်တို့ ထင်ပါသလားရှင်။

ဖြေ။ ။ ၂၀၁၀ ရွေးကောက်ပွဲကို သူတို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြုလုပ်မယ်လို့ နအဖက တစိုက်မတ်မတ် ပြောနေတာ (၃)ရက်နေ့သတင်းစာထဲမှာတောင်မှ ၂၀၁၀ရွေးကောက်ပွဲကို ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပြုလုပ်မယ်ဆိုတာ သူတို့ထပ်ပြီးတော့ သတင်းဆောင်းပါး အာဘော်မှာ ပြောထားတာ ကျွန်တော်တို့တွေ့ရတယ် ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုလိုရှိရင်တော့ ဒီ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို တောင်းဆိုဖို့ဆိုတဲ့ ကိစ္စက အကန့်အသတ် အများကြီးရှိတယ်လို့ ကျွန်တော်တို့ အနေနဲ့တော့ အဲဒီလိုယူဆတယ်။

မေး။ ။ နောက်ပြီးတော့တခါ ဒီ ENC ကရွေးကောက်ပွဲဝင်ခြင်းဟာ စစ်အစိုးရနဲ့ ပူးပေါင်းခြင်းမဟုတ် ဘူး ဒီရွေးကောက်ပွဲကနေ ဒီမိုကရေစီလည်း ရမှာမဟုတ်ဘူး။ ဒါပေမယ့် ဒီမိုကရေစီလမ်းကြောင်းကို ဖော် နိုင်မယ့် Transition လို့ခေါ်တဲ့ ဒီအသွင်ကူးပြောင်းရေး ကြားကာလတခုတော့ ပေါ်ပေါက်လာနိုင်မယ့်လို့ ENC ကပြော တယ်ရှင့်။ ဒါကရောဖြစ်နိုင်စရာ လမ်းကြောင်းအဖြစ် ဦးအောင်မိုးဇော်မြင်ပါသလားရှင့်။

ဖြေ။ ။ အခုရွေးကောက်ပွဲဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုသွားမယ့် ရွေးကောက်ပွဲ မဟုတ် ဘူး။ နအဖ က တဖက်သတ်ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တကယ့်တမ်းကြတော့ စစ်အာဏာရှင်စနစ်ကို ဆက်ပြီးတော့ အတည်ပြုမယ့် ရွေးကောက်ပွဲဖြစ်တယ်လို့ဘဲ ကျွန်တော်တို့အနေနဲ့ နားလည်တယ်။ ဘာ ကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲရလာဒ်က ဖြစ်လာမယ့် ပြည်ထောင်စုလွှတ်တော်က သူတို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတဲ့ စစ်အုပ်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုရမှာဖြစ်တယ်။ အဲဒါဆိုလို့ ရှိရင်တော့ ဘယ်လိုမှ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို သွားမယ့် ရွေးကောက်ပွဲမဟုတ်ဘူး ဆိုတာ တော်တော်လေး ထင်ရှားတယ်လို့ ကျွန်တော်တို့ က အဲဒီလိုဘဲပြောချင်ပါတယ်။

No comments:

Post a Comment