မဟုတ်မခံ ခွပ်ဒေါင်းတို့ရဲ့ မာန်
ကဗျာ
နီသင်းနိုင် (VCT)
အင်္ဂါနေ့၊ စက်တင်ဘာလ 29 ရက် 2009 ခုနှစ် 14 နာရီ 27 မိနစ်
ni-thin-naings
ရာဇဝင်မကောင်းတဲ့ အတိတ်ရလဒ်နဲ့
ပရဟိတမရှိတဲ့ ရာဇဝင်ဖြစ်စဉ်
ဘယ်တော့မှ သမိုင်းကောင်းမဝင် …
တလမ်းသွားအမှောင်တို့ရဲ့
အတ္တကြည့် အာဏာရှင်တပည့်ကိုလည်း
ဘယ်တော့မှ ဆရာ မတင်ဘူး …
စစ်ခြေရာကို စစ်ခွာတွေ ထပ်ခင်းဖို့
ဥပါယ်တံမျဉ် ဒိုင်ယာလော့ တေးသားနဲ့
၂၀၁၀ မိစ္ဆာရွေး တရားကိုလည်း
ဘယ်တော့မှ
ဘုရားလို့ မထူးဘူး …။
နင်းသွားမယ့်မြေမှာ
သွေးအခါအခါ ထွက်ခဲ့လည်း
ကြိုးတရာကို မကြောက်
ဒူးထောက်လို့ အာဏာရှေ့ရောက်မခံ
မိန်ကောင် မာန်ငှက်ဆိုး ဖက်ဆစ်အရိုးရဲ့
မုန်ယစ်စနစ်မျိုး
လည်မျိုကျိုးသွားပါစေ
တုတ်မကျိုးစေရ …။
အလင်းတခု စီးဆင်းဖို့
ထွန်းညှိစို့ဆိုပြီး
ပေါင်းကူးခံ ကျောင်းသားချွေးစက်တွေနဲ့
ဒေါင်းတို့ရဲ့ အလံကို
အောင်သံပေးလို့ ဆုပ်ကိုင်
မဏ္ဍိုင်မလဲဟေ့ ဘယ်တော့မှ
စစ်အာဏာတည်နေသမျှတော့
လာ … …
အမြစ်လှန် မီးရှို့တိုက်ဖျက်ကြမယ် …။ ။
No comments:
Post a Comment