Sunday, January 31, 2010

မူဝါဒရေးရာ ဗဟိုဦးစီးအဖွဲ့ ပြန်လည်ဖွဲ့စည်းရေး ဘာလဲ ဘယ်လဲ့်
(မိုးမခအင်တာနက်စာမျက်နှာမှ ...)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုဦးစီးအဖွဲ့အသစ် ပြန်လည်ဖွဲ့စည်းတော့မယ်၊ ဗမာတနိုင်ငံလုံးက တိုင်းနဲ့ ပြည်နယ်ဥက္ကဋ္ဌတွေနဲ့ စည်းရုံးရေးအဖွဲ့တွေဆီကို ဇန်နဝါရီလ (၂၇) ရက်နေ့ရက်စွဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌကြီး ဦးအောင်ရွှေကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ညွှန်ကြားလွှာပေးပို့ထားတယ်လို့ သတင်းတွေမှာ ဖတ်ရကြားရပါတယ်။

အဖွဲ့ချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေနဲ့ ‘လွတ်လပ်တဲ့အာရှအသ’ံ မေးမြန်းခန်းမှာ ဦးခင်မောင်ဆွေက “ဗဟိုဦးစီးအဖွဲ့ဝင်များ အသစ်ပြန်လည်ဖွဲ့စည်းရေးမှာ အောက်ခြေက ရွေးချယ်ပြီး ရုံးချုပ်ကို ပေးပို့ရမှာဖြစ် တယ်” လို့ဆိုပါတယ်။ အကြမ်းဖျင်းအားဖြင့် ဝမ်းမြောက်ဝမ်းသာကြိုဆိုရမယ့် ဒီသတင်းမှာ မရှင်းလင်းတဲ့ ဝိဝါဒ ကွဲစရာ အချို့အချက်ကလေးတွေ ပါရှိလို့နေတာ သတိထားမိလိုက်ပါတယ်။

ပထမဦးဆုံး သတိထားမိတာက ဗဟိုဦးစီးအဖွဲ့ဝင်အသစ်များ ရွေးချယ်ရာမှာ လိုက်နာရမယ့် စည်းကမ်းတွေပါ။ ရွေးချယ်ရေးမှု (၅) ချက်ကို အခြေခံမယ်လို့ဆိုပါတယ်။ အဖွဲ့ချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေရှင်းပြတာ က ...

“ပထမအချက်ကတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အရည်အချင်းရှိရမယ်။ ဒုတိယအချက်ကတော့ အဖွဲ့ချုပ်အ ပေါ်မှာ သစ္စာရှိရမယ်၊ တတိယအချက်ကတော့ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးလုပ်ငန်းတွေနဲ့ မကင်းကွာဘဲ တဆက်တ စပ်တည်းရှိနေသူတွေ ဖြစ်ရမယ်။ စတုတ္ထအချက်ကတော့ အဖွဲ့ချုပ်က ကိုင်စွဲထားတဲ့ နိုင်ငံရေးရပ်တည်ချက် တွေနဲ့ သဘောတူညီမှုရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်ရမယ်။ နောက်ဆုံးအချက်ကတော့ နံပါတ် (၅) ကတော့ အဖွဲ့ချုပ် စည်းမျဉ်းစည်းကမ်းများအရ အရေးယူ အပြစ်ပေးထားသူတွေ မဖြစ်စေရဆိုပြီးတော့ အဲဒီမူ (၅) ချက်နဲ့ ကျွန် တော်တို့ ရွေးချယ်သွားမှာဖြစ်တယ်” တဲ့။
“ဦးခင်မောင်ဆွေရဲ့အပြောအရဆိုရင် ပါတီညီလာခံကိုယ်စား ပါတီရဲ့မူဝါဒရေးရာကို အဓိကတာဝန်ယူရတဲ့ ဗဟိုဦးစီးအဖွဲ့အစား ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ချမှတ်ပေးတဲ့ မူဝါဒကို အကောင်အထည်ဖော်ရမယ့် ဗဟိုဦးစီးအဖွဲ့ဆိုရင် အဖွဲ့ချုပ်ဖွဲ့စည်းပုံအရ ပြောင်းပြန်ဖြစ်နေပါပြီ”

ဒီနေရာမှာ နံပါတ် (၃) အချက်ဖြစ်တဲ့ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးလုပ်ငန်းတွေနဲ့ မကင်းကွာဘဲ တဆက်တစပ်တည်း ရှိနေသူတွေ ဖြစ်ရမယ်ဆိုတာရယ်၊ နံပါတ် (၅) ဖြစ်တဲ့ အဖွဲ့ချုပ်စည်းမျဉ်းစည်းကမ်းများအရ အရေးယူအပြစ် ပေးထားသူတွေ မဖြစ်စေရ ဆိုတာကို ဘယ်လိုလူမျိုးတွေကို ရည်ရွယ်တယ်ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရှင်းရှင်းလင်းလင်း ညွှန်ကြားသင့်တယ်လို့ထင်ပါတယ်။

ဗဟိုဦးစီးအဖွဲ့ ပြန်လည်ဖွဲ့စည်းရေးအတွက် အရေးအကြီးဆုံးအချက်ကတော့ ဗဟိုဦးစီးအဖွဲ့ဝင်များရဲ့ တာဝန်နဲ့ လုပ်ငန်းစဉ်များဖြစ်ပါတယ်။ အသစ်ပဲဖွဲ့ဖွဲ့ တိုးချဲ့တာပဲလုပ်လုပ် အဓိကအချက်က ဒီခေါင်းဆောင်တွေကို ဘယ် လိုတာဝန်တွေပေးပြီး ဘာတွေကို လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမယ် ဆိုတာပါ။

ဒီနေရာမှာ အဖွဲ့ချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေ ရှင်းပြတာက “ဒီလိုရှိတယ်ခင်ဗျ ကျွန်တော်တို့ ဗဟိုအ လုပ်အမှုဆောင်အဖွဲ့အောက်မှာ ဗဟိုလုပ်ငန်းအဖွဲ့ဆိုတာရှိမှာပါ၊ အဲ ဗဟိုလုပ်ငန်းအဖွဲ့အောက်မှာမှ ကျွန်တော် တို့ ဗဟိုဦးစီးအဖွဲ့တွေရှိပါလိမ့်မယ်။ အဲတော့ ဗဟိုဦးစီးအဖွဲ့ဆိုတဲ့ဟာက ခုနက ကျွန်တော်ပြောတဲ့ ဗဟိုလုပ်ငန်း အဖွဲ့ကော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကော အပါအဝင်ကို ကျွန်တော်တို့ ဗဟိုဦးစီးလို့ သက်မှတ်ပါတယ်” တဲ့။ ဒီရှင်းလင်းချက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကရှိခဲ့တဲ့ အဖွဲ့ချုပ်ဖွဲ့စည်းပုံနဲ့ မတူခြား နားနေတာ တွေ့ရပါတယ်။

နဂိုဖွဲ့စည်းပုံမှာ ဗဟိုဦးစီးအဖွဲ့ဝင်များဟာ တဦးချင်းအနေဖြင့် ပြည်နယ်နဲ့တိုင်းများကို တာဝန်ခံရတဲ့ စည်းရုံးရေး တာဝန်ခံများ ဖြစ်ကြတဲ့အတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ လုပ်ငန်းညွှန်ကြားချက်များကို မိမိတာဝန်ကျရာ ဒေသများမှာ အကောင်အထည်ဖော်ဆောင်ရွက်ကြရပေမယ့် ဗဟိုဦးစီးအဖွဲ့အနေကတော့ဖြင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရဲ့ လုပ်ငန်းလမ်းစဉ် မူဝါဒများကို ချမှတ်ရခြင်းနဲ့ ချမှတ်ထားတဲ့ မူဝါဒကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ရဲ့ လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှုများ ပြီးမြောက်အောင်မြင်ခြင်းရှိမရှိ စောင့်ကြပ်ရတဲ့ တာဝန် တွေကို ပါတီညီလာခံမရှိခင် ကြားကာလမှာ တာဝန်ယူဆောင်ရွက်ရပါတယ်။ ပါတီညီလာခံက ရွေးချယ်တင် မြောက်ခြင်းခံရတဲ့ ဗဟိုဦးစီးအဖွဲ့ဝင်များအနေနဲ့ (ယနေ့ကာလ ပါတီညီလာခံမရှိခင် ကြားကာလမှာ အမြူတေ ပါတီဗဟိုဦးစီးအဖွဲ့ဝင်များအနေနဲ့) ၄င်းတို့ထဲကမှ သင့်တော်တဲ့ ခေါင်းဆောင်များကို ရွေးကောက်တင်မြှောက် ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းပေးရခြင်းဟာလည်း ဗဟိုဦးစီးအဖွဲ့ရဲ့တာဝန်တခုပါ။

ဦးခင်မောင်ဆွေရဲ့အပြောအရဆိုရင် ပါတီညီလာခံကိုယ်စား ပါတီရဲ့မူဝါဒရေးရာကို အဓိကတာဝန်ယူရတဲ့ ဗဟို ဦးစီးအဖွဲ့အစား ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ချမှတ်ပေးတဲ့ မူဝါဒကို အကောင်အထည်ဖော်ရမယ့် ဗဟိုဦးစီး အဖွဲ့ဆိုရင် အဖွဲ့ချုပ်ဖွဲ့စည်းပုံအရ ပြောင်းပြန်ဖြစ်နေပါပြီ။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကရှိခဲ့တဲ့ အဖွဲ့ချုပ်ဖွဲ့စည်းပုံအရ မူဝါဒရေးရာ အထက် အောက်စီးဆင်းမှုကို ဥပမာပြရှင်းရရင် ၁၉၉၀ ရွေးကောက်ပွဲအပြီး ဂန္ဒီခန်းမကြေညာစာတမ်းနဲ့ ပက်သက်ပြီး ဆွေးနွေးကြရာမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးချမ်းအေး တင်သွင်းတဲ့ (နအဖရဲ့၂၀၀၈ ဖွဲ့စည်းပုံပါ အစိုးရ ဝန်ကြီးနေရာ ခွဲဝေမှုနဲ့ ဘာမှမခြားတဲ့) အလျော့ပေးစေ့စပ်ရေးမူဟာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ မူဝါဒအဖြစ် မဲခွဲအတည်ပြုခဲ့ကြပေမယ့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီမူဝါဒကို ဗဟိုဦးစီးအဖွဲ့အစည်းအဝေးမှာ တင်သွင်း မဲခွဲခဲ့တဲ့အခါ ဗဟိုဦးစီးအဖွဲ့က လက်မခံဘဲပယ်ချခဲ့တာ တွေ့ရမှာပါ။

အခု အဖွဲ့ချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေ ရှင်းပြတဲ့အတိုင်းဆိုရင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အ ထက်မှာ ဘယ်သူမှမရှိ ဆိုတဲ့အနေကို ရောက်နေပါတယ်။ ဒါဟာ ၁၉၉၁ ခုနှစ်ကစပြီး ရှိနေခဲ့တဲ့ အဖွဲ့ချုပ်ဖွဲ့စည်း ပုံစံနဲ့ ဘာမှမခြားသလို ဒီလို ဗဟိုချုပ်ကိုင်မှုပုံစံနဲ့ ဘာမှထူးခြားတဲ့အောင်မြင်မှု လောက်လောက်လားလား ရရှိ လာစရာမရှိဘူးဆိုတာ ဖြတ်သန်းလာခဲ့တဲ့သမိုင်းကလည်း အထင်အရှားပြပြီးသားပါ။ အဝိုင်းပတ်ပြေးတဲ့ ပြေးပွဲ တခုလိုမျိုး လိုရာမရောက်တဲ့ ပြောင်းလဲမှုဆိုတာ ပြုပြင်ပြောင်းလဲမှု မမည်ပါဘူး။

အောက်ခြေအဖွဲ့ဝင်များရဲ့ ဗဟိုဦးစီးအဖွဲ့ ပြန်လည်ဖွဲ့စည်းရေး တိုက်တွန်းတောင်းဆိုချက်များဟာ ဒီလို ဗောင်း တော်ညိတ် ခိုင်းတာလုပ်မယ့် အဖွဲ့မျိုးမဟုတ်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒတွေကို မှန်မှန်ကန်ကန် ဦးဆောင်နိုင်မယ့်အဖွဲ့မျိုးပါ။

ဗဟိုလုပ်ငန်းအဖွဲ့တွေနဲ့ပက်သက်ရင်လည်း အမှန်တကယ်က ဗဟိုဦးစီးအဖွဲ့ရဲ့အထက်က အဖွဲ့အစည်းမဟုတ် ဘဲ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွက် လုပ်ငန်းအထောက်အကူပြုအဖွဲ့များသာ ဖြစ်ခဲ့တာပါ။ ဦးခင်မောင်ဆွေ ရှင်းလင်းပြခဲ့တဲ့အတိုင်းဆိုရင် ယခုဖွဲ့စည်းမှုက နိုင်ငံရေးပါတီတခုရဲ့ ဖွဲ့စည်းပုံနဲ့မတူဘဲ ဝန်ထမ်းရုံးဌာနတခုရဲ့ အထက်အောက်စီးဆင်းမှုပုံသဏ္ဍာန် ဖြစ်နေပါတယ်။ ဒီတော့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဖွဲ့စည်းပုံ အ ပြောင်းအလဲရှိမရှိဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များအတွက် မေးစရာကိစ္စတရပ် ဖြစ်လို့လာနေ ပါပြီ။

နောက်ပြီး ဗဟိုဦးစီးအစည်းအဝေးခေါ်ယူရေးကာလ သတ်မှတ်ချက်မှာလည်း အဖွဲ့ချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦး ခင်မောင်ဆွေ အဆိုအရ “အခါအားလျော်စွာ ဒီဗဟိုဦးစီးတွေရဲ့ တိုင်းနဲ့ပြည်နယ်၊ မြို့နယ်တွေမှာဖြစ်နေတဲ့ နိုင် ငံရေး၊ စီးပွားရေး၊ လူမှုရေးရှေ့အလားအလာတွေကို အဲ ဗဟိုဦးစီးအဖွဲ့တွေ့ဆုံပွဲတွေလည်း ကျွန်တော်တို့ အခါ အားလျော်စွာ ရှေ့ဆိုရင်တော့ ကျင်းပသွားဖို့ရှိပါတယ်” ဆိုတော့ကာ ဒီဗဟိုဦးစီးအဖွဲ့ရဲ့ အစည်းအဝေးတွေကို ဘယ်သူက ခေါ်ယူခွင့်ရှိတာလဲ၊ ဘယ်လိုခေါ်ယူမှာလဲ ဆိုတာလည်း စိတ်ဝင်စားစရာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကထားခဲ့တဲ့ ရည်ရွယ်ချက်၊ ရပ်တည်ချက်၊ မူဝါဒသဘော ထားများ မပျောက်မပျက်ဘဲ ရွှေဂုံတိုင်ကြေညာချက်ကို မှန်မှန်ကန်ကန် အကောင်အထည်ဖော်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီ အရောက်သွားဖို့ ယခုဗဟိုအလုပ်အမှုဆောင်ခေါင်းဆောင်များနဲ့ လာလတ္တံ့ သော ဗဟိုဦးစီးခေါင်းဆောင်များက ဦးဆောင်လျှောက်လှမ်းနိုင်ကြမှ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူကမဲပေး ပြီး ရွေးချယ်ထားရကျိုးနပ်မှာပါ။

ပါတီအပေါ်သစ္စာရှိမှုနဲ့ ပြည်သူအပေါ်သစ္စာရှိမှု ထပ်တူကျဖို့အရေးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အရေး ကိစ္စဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များအားလုံး စဉ်းစာကြဖို့ပါ။

No comments:

Post a Comment