စစ်အစိုးရသတင်းစာတို့က “ရဲဘော်သုံးကျိပ်ဝင်” စာသားကို ဆင်ဆာဖြတ်
မိုးယံမခ၊ ရန်ကုန်
မေ ၁၁၊ ၂၀၁၀
http://moemaka.com/index.php?option=com_content&task=view&id=6376&Itemid=1

ဒေါ်ခင်တင့်ရဲ့ ဈာပနကို ညနေ ၄ နာရီခွဲ အချိန်က ရေဝေးသုဿန်မှာ မီးသဂြိုဟ် ပြီးစီးခဲ့ပါတယ်။ ဈာပနကို ဆွေမျိုးသားချင်းများ၊ အနုပညာနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
ကွယ်လွန်သူကို ရည်စူးပြီး မေလ ၁၆၊ တနင်္ဂနွေနေ့ နံနက် ၇ နာရီမှ ၁၀ နာရီအထိ ရက်လည်ဆွမ်းကျွေး တရားတော်နာယူမှာ ဖြစ်တဲ့အတွက် အမှတ် ၁၁၊ ကုက္ကိုင်းရိပ်သာလမ်း၊ ရွှေတောင်ကြား ၂ ရပ်ကွက်၊ ဗဟန်းမြို့နယ် နေအိမ်သို့ ကြွရောက်နိုင်ရန် ဆွေမျိုးမိသင်္ဂဟများကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
ဒေါ်ခင်တင့်ရဲ့ ဈာပနကို မီးသဂြိုဟ် ပြီးစီးကြောင်းနဲ့ ရည်လည်ဆွမ်းသွပ်တရားနာ ကြွရောက်နိုင်ရန် နိုင်ငံပိုင်သတင်းစာများမှာ နာရေးကြော်ငြာထည့်တဲ့အခါ ကြေးမုံသတင်းစာက ဗိုလ်ဇေယျရဲ့ အမည်ရှေ့မှာ ရဲဘော်သုံးကျိပ်ဝင် ဆိုတဲ့စာသားကို ဖြုတ်ခိုင်းပြီး၊ မြန်မာ့အလင်းသတင်းစာက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျလို့ ဖော်ပြချင်ရင် အထက်သို့ဆက်လက် တင်ပြရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း ဒေါ်ခင်တင့်ရဲ့ ဆွေမျိုးနီးစပ်တို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။













No comments:
Post a Comment