Monday, April 19, 2010

၂၀၁၀ ရွေးကောက်ပွဲ အပေါ် NLD အဖွဲ့ဝင်များ၏ သဘောထား

ဧရာဝတီ Thursday, March 25, 2010

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် အလွန် အရေးပါသည့် ရွေးချယ်မှု တရပ် ပြုလုပ်ရတော့မည် ဖြစ်သည်။ NLD အနေနှင့် နိုင်ငံရေး ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်၍ ရွေးကောက်ပွဲ ၀င်မည် သို့မဟုတ် တရားဝင် ပါတီအဖြစ်မှ ဖျက်သိမ်းခံမည်ကို သမိုင်းဝင် ဆုံးဖြတ်ချက် ချရန် မတ်လ ၂၉ ရက်နေ့တွင် ကျင်းပမည့် ပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆွေးနွေး ကြမည်ဟု သိရသည်။NLD ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့်နှင့် ပတ်သက်၍ NLD မြို့နယ် အဆင့် တာဝန်ရှိ သူများ၏ အမြင်သဘော ထားများကို ဧရာဝတီက စစ်တမ်း ကောက်ယူနေပြီး ရရှိလာသည့် အချက် အလက်များကို အချိန်နှင့် တပြေးညီ တင်ပြသွားမည် ဖြစ်သည်။

ပုံကြီးကြည့်ရန်






No comments:

Post a Comment