Sunday, April 11, 2010

တွေ့ဆုံဆွေးနွေးမှုမလုပ်လျှင် ၂၀၁၀ ရွေးကောက်ပွဲ SNLD မစဉ်းစား
http://www.mongloi.org/burmese/interview/2010-03-11-09-40-23/789----snld-
Saturday, 10 April 2010 22:09 သျှမ်းသံတော်ဆင့်


(SNLD ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်နှင့် ဆက်သွယ်မေးမြန်း)

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးများအဖွဲ့က ထောင်ကျခံနေရတဲ့ ဥက္ကဌကြီး နဲ့အထွေထွေ အတွင်းရေးမှူးကိုတွေ့ဆုံခွင့်ရဖို့ စစ်အစိုးရထံမှာ စာတင်ထားတာ အခုဆိုရင် ၂ လ ပြည့်ပြီ။ ဘယ်လိုထူးခြားမှုတုန့်ပြန်မှု တွေရှိပါသလဲ။

ဒီနေ့အထိတော့ အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုမျိုး တစုံတရာမကြားသိရသေးပါဘူးခင်ဗျ။

ဒါဆိုရင် SNLD အနေနဲ့ ဘယ်လိုဆက်လက်လုပ်ဆောင်သွားမလဲခင်ဗျ။ လက်ရှိနိုင်ငံရေးရပ်တည်ချက်ကိုလဲ ပြောပြပေးပါဦး။

ကျနော်တို့ရပ်တည်ချက်ကတော့ သုံးပွင့်ဆိုင်ဆွေးနွေးရေးအပေါ်မူတည်ပါတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ဖို့၊ ဗမာပြည် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ရပ်တည်နိုင်ဖို့ဆိုရင် သုံးပွင့်ဆိုင်ဆွေးနွေးရေးကို မဖြစ်မနေလုပ်ဆောင် ရမှာဖြစ်တယ်။ အဲလိုသုံးပွင့်ဆိုင်ဆွေးနွေးရေးဖြစ်ဖို့ဆိုတာက နိုင်ငံရေးအကျဉ်းကျနေတဲ့ ဥပမာ ကျနော်တို့ ဥက္ကဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်၊ နောက်နေအိမ်အကျယ်ချုပ်ကျနေတဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရောတခြားထောင်တွေ မှာရောက်နေတဲ့ နိုင်ငံရေးနဲ့ပါတ်သက်ပြီး တက်ကြွလှုပ်ရှားတဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးရော လွှတ်ပေးရမယ်။ ဒါတွေလွှတ်ပေးမှ သာလျှင် တွေ့ဆုံဆွေးနွေးရေး လုပ်မှရမယ်။ အဓိကကတော့ ဒီတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို အရင်သွားရမယ်။ ဒါမှသာလျှင် ကျနော်တို့လိုအပ် နေတဲ့၊ အားလုံးမျှော်လင့်နေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံကိုသွားလို့ရမှာပါ။ အဲလိုအဟုတ် ဘဲနဲ့ ကျနော်တို့ ဥက္ကဌနဲ့ အတွင်းရေးမှူးကိုမလွှတ်ပေးဘူး၊တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းမှန်ပေါ်မရောက်ဘူးဆိုလို့ ရှိရင် ရွေးကောက်ပွဲနဲ့ ပါတ်သက်လို့ ကျနော်တို့မစဉ်းစားဘူး။ ပါတီမှတ်ပုံတင်ဖို့ကိစ္စ ကျနော်တို့လုံးဝ မစဉ်းစားပါဘူး။ အဲဒါကျနော်တို့ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်ပါဘဲ။

အခုအခြေအနေအရ စစ်အစိုးရရဲ့ရွေးကောက်ပွဲ ဘယ်တော့လဲဆိုတာ နေ့ရက်သိရပြီလားခင်ဗျ။

မသိရပါဘူး။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဖို့ကိစ္စလောက်ဘဲ သူတို့ကြေငြာပါတယ်။

အခုထိ ရက်မကြေငြာသေးဘူးဆိုတော့ ရှေ့ဆက်ဖြစ်လာမယ့် နိုင်ငံရေးအခြေအနေကိုသုံးသပ်ပြပါဦးခင်ဗျ။

ရှေ့ဆက် ဘယ်လိုဖြစ်လာမလဲ ဆိုတော့- အတိုက်အခံဘက်ကတော့ ဥပမာ SNLD ကလဲမှတ်ပုံမတင်ဘူး၊ SNLD ကလဲ မှတ်ပုံဆက်တင်ဖို့မစဉ်းစားဘူး ဆိုတဲ့အခါကျတော့ အတိုက်အခံမရှိဘဲနဲ့ အပြေးပြိုင်ပွဲမှာ ပြိုင်မယ့်လူမရှိ ဘဲတစ်ယောက် ထဲဝင်ပြိုင် တစ်ယောက်ထဲ ဗိုလ်စွဲ တစ်ယောက်ထဲဘိတ်ချီးပေါ့ဗျာ။ အဲလိုအခြေအနေမျိုးဖြစ်လာ မယ်ဆိုတော့ နိုင်ငံ့ အခြေအနေ ပြည်သူတွေရဲ့အနေအထားကတော့တော်တော်လေးကို စိုးရိမ်စရာဖြစ်တာပေါ့ဗျာ။ သူတို့မှာရွေးချယ်စရာ လမ်းတော် တော်လေး နဲသွားမယ့် အနေအထားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာ ပြည်နိုင်ငံရေးအခြေအနေကတော့ ရှေ့လာမယ့် အလားအလာမှာ ကောင်းမယ့်အခြေအနေထက် ဆိုးမယ့်အနေ အထားဖြစ်ဖို့များတယ်လို့ သုံးသပ်နိုင်ပါတယ်။

အခုကြားနေရတာက စစ်အစိုးရဟာ ပြည်နယ်၊ တိုင်းတွေမှာရှိတဲ့ မြို့မျက်နှာဖုံးတွေ ရပ်မိရပ်ဖတွေကို စည်းရုံးရေးဆင်းနေ တယ်လို့ကြားရတယ်။ ဆရာတို့အနေနဲ့ကော ဘယ်လိုကြားသိရလဲခင်ဗျ။

ကျနော်တို့ကြားသိရသလောက်က ပြည်ခိုင်ဖြိုးအဖွဲ့ထဲကို စည်းရုံးလို့ရရင်ရ ပြည်ခိုင်ဖြိုးအဖွဲ့ထဲ စည်းရုံးလို့မရတဲ့ ပုဂ္ဂိုလ်တွေကို တတ်သိတတ်ကျွမ်း နားလည်တဲ့လူတွေကို ကော်မရှင်အဖွဲ့ထဲ ထဲ့တယ်ဗျာ။ နိုင်ငံတော်ကော်မရှင်အဖွဲ့ မဟုတ်တာတောင်မှ ပြည်နယ်ကော်မရှင်အဆင့်၊ မြို့နယ်ကော်မရှင်အဆင့်အဲဒီလိုတတ်သိနားလည်တဲ့ပုဂ္ဂိုလ် တွေ ကိုထိုး ထည့်ထားတယ်။ ကျန်တဲ့ စည်းရုံးလို့ရတဲ့အနေ အထားရသလောက်ကိုကျတော့ ပြည်ခိုင်ဖြိုးအဖွဲ့ထဲ ထည့်ထားတယ်။ အစိုးရဘက်ကတော့ သူတို့အနိုင်ရအောင် ပြင်ဆင်ထားတယ်။ ပြည်သူတွေအနေနဲ့ကတော့ ဆုပ်စူးစားရူးအနေအထား မျိုးပေါ့ဗျာ။ ၀င်ပြိုင်ရင်လဲ ကိုယ်က သိပ်သဘောမကျတဲ့ အနေအထားမျိုး။ ၀င်မပြိုင် ပြန်ရင်လဲ တစုံတရာဖိအားများလာ မလားဆိုပြီး စိတ်ကသိကအောင့်ဖြစ်စေမယ့် အနေအမျိုးဖြစ်နေတယ်လို့ တွေ့မြင်နေရပါတယ်ခင်ဗျ။

ပြည်ခိုင်ဖြိုးကနေ နိုင်ငံရေးပါတီပြောင်းဖို့ အခြေအနေ တွေ့နေရပြီလားဗျ။

ကြားရပါတယ်။ ဥပမာ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်လဲ ၀န်ခံထားတာရှိတယ်လေ။ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း ခရီးစဉ်မှာပြောတဲ့မိန့်ခွန်းတွေကိုလေ့လာကြည့်ရင် ပြည်ခိုင်ဖြိုးအသင်းအနေနဲ့ တရားဝင် နိုင်ငံရေးပါတီ အဖြစ်မှတ်ပုံတင် သွားဖို့ရှိတယ်။ လှုပ်ရှားသွားဖို့ရှိတယ် ဆိုတာလဲ ကြားသိတွေ့ရှိရတာဘဲလေ။ ဘာဘဲဖြစ်ဖြစ် ဒီအဖွဲ့အစည်းကတရားဝင် နိုင်ငံရေးအဖွဲ့ တည်ထောင်ရပ်တည်လာမှာဘဲ။ သူတို့ရဲ့ ကြိုးပမ်းမှုအပိုင်းကိုလည်း ကျနော်တို့ကြားသိမြင်တွေ့နေရတာ ပါဘဲလေ။

ဥက္ကဌကြီး ခွန်ထွန်း

အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်






နောက်ဆုံး သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လက်ရှိနိုင်ငံရေးအပေါ် လူထုကိုဘယ်လို စကားမျိုး ပါး ပေးချင်ပါသလဲခင်ဗျ။

ကျနော်တို့လိုအပ်တောင့်တနေတာ စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ပေါ်ရေး၊ အဲဒီလို ပြည်ထောင်စုဖြစ်ပေါ်လာမှ သာသျှမ်းတမျိုး တည်းမကဘူး ကျန်တဲ့ တိုင်းရင်းသားတွေအကုန်လုံး ဗမာတိုင်းရင်းသားအပါအ၀င်ပေါ့ဗျာ၊ ဒီတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် မွေးရာပါ လွတ်လပ်ခွင့် ဒီမိုကရေစီအခွင့်အရေးတွေကိုအပြည့်အ၀ ရရှိမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ စစ်မှန်တဲ့ ပြည်ထောင်စုကို သွားနေတဲ့လမ်းကြောင်းမှာ ကိုယ့်ဘက်ကတတ်နိုင်သလောက် ထောက်ခံသင့်တာထောက်ခံရမယ်၊ ကန့်ကွက်သင့်တာကန့်ကွက်ရမယ်။ ဒီသစ္စာကို ကျနော်တို့ ပြတ်ပြတ်သားသားမြင်နိုင်မှသာလျှင် ကျနော်တို့မျှော်မှန်းတဲ့ ပန်းတိုင်ကိုရောက်ရှိမှာဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ပြတ်သားတဲ့စိတ်၊ ရဲရင့်တဲ့စိတ်ကိုမွေးကြပါ။ အမှန်ကိုအမှန်အတိုင်း မြင်နိုင်အောင်ကြိုးစားကြပါ။
နောက်တစ်ခုထပ်မံသတိပေးချင်တာက သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေနဲ့ ဒီရက်ပေါင်း ၆၀အတွင်း မှာ ကျနော်တို့ ဥက္ကဌကြီး ခွန်ထွန်းဦး နဲ့ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်ကို မလွှတ်ပေးရင် -ရွေးကောက် ပွဲဝင်ဖို့ ကျနော်တို့လုံးဝမစဉ်းစားဘူး။ ပါတီမှတ်ပုံတင်ဖို့လဲ လုံးဝမစဉ်းစားမှာမဟုတ်ဘူး။ ဆိုတော့ ရက်ပေါင်း ၆၀ ပြည့် သွားပြီး ပြန်မလွှတ်ပေးရင်တော့ SNLD ပါတီဆိုတာမရှိတော့ဘူးလို့ အဓိပ္ပါယ်ပေါက်ပါတယ်။ နအဖရဲ့ရွေးကောက် ပွဲဥပဒေအရ ကျနော်တို့ SNLD မရှိတော့ဘူးဆိုပေမယ့် တတ်နိုင်တဲ့ တဒေါင့်တနေရာကနေ အမျိုးသားရေးအတွက်တော့ လှုပ်ရှားနေမှာပါ။

No comments:

Post a Comment