Tuesday, April 20, 2010

ဒေါက်တိုင်ဖြို မြို့ပြပြောက်ကျားစစ်ပွဲများ စပြီလော


ရွှေသန်း
(စာဖတ်သူများ တွေးဆဆင်ခြင်နိုင်ရန် တင်ဆက်လိုက်ရပါသည်။ ရေးသူအာဘော်သာဖြစ်သည်။)

စစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲခေါင်းစဉ်နဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဆိုင်ရာ ဥပဒေတွေ ထွက်ပေါ်လာပြီး သတ်မှတ်ရက် (၆၀) ဆိုတာအတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) က မှတ်ပုံမတင်ဘူးလို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချခဲ့သလို သွေးပျက်ထိတ်လန့်စရာ ကောင်းတဲ့ သင်္ကြန်ရက် (၃) လုံးဆက် ဗုံးပေါက်ကွဲမှုကြီးနဲ့ မြစ်ဆုံရေကာတာစီမံကိန်းရုံး (အေးရှားဝေါလ်ဒ်) ဗုံးပေါက်ကွဲမှုတွေဟာလည်း ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။

နိုင်ငံတော်အာဏာကို မတရား သိမ်းပိုက်လုယူထားတဲ့ စစ်အာဏာရှင်တွေ အုပ်ချုပ်မှုအောက်မှာ ဗုံးပေါက် တယ်ဆိုတာ ဆန်းတော့တဲ့ ကိစ္စမဟုတ်ပေမယ့် ခုသင်္ကြန်အကြတ်နေ့ ရန်ကုန် (ကန်တော်ကြီး) ဗုံး (၃) လုံး ဆက်ကွဲမှုကတော့ အတော်လေးကို အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပါတယ်။ သင်္ကြန်ရက်အတွင်း ဖြစ်တာ ကြောင့်ရော၊ သာမန်ပြည်သူတွေကြားမှာ ဖြစ်တာလို့ စစ်အုပ်စု ၀ါဒဖြန့်ချိရေးယန္တရားကနေလွှင့်တဲ့ သတင်းဆို တာတွေကို သံယောင်လိုက် အမျိုးမျိုး ဝေဖန်နေကြသူတွေကြောင့်ရော၊ အဖြစ်မှန် အခြေအနေမှန်ကို ကြားသိ တွက်ဆမိသူတွေ၊ လက်နက်ကိုင်တော်လှန်ရေးဆိုတာကို ခြေခြေမြစ်မြစ် နားလည်ပြီး ရန်ငါစည်းပြတ်သူတွေ ရဲ့ထောက်ခံမှုတွေကြောင့်ပါ တနိုင်ငံလုံး၊ တကမ္ဘာလုံး အမှန်အမှား ငြင်းကြပြောကြရင်း ဟိုးလေးတကျော်ဖြစ် လာခဲ့တာပါ။
“ခုလို ကပ်ဆိုက်နေတဲ့ တိုင်းပြည်မှာ ဒုက္ခဆင်းရဲတွေကြားကနေ လွတ်မြောက်အောင် မကြိုးစားဘဲ သင်္ကြန်ဆိုတာမျိုး ခေါင်းစဉ်တပ် အပျော်အပါးနောက် လိုက်နေတာမျိုးတွေ၊ အာဏာပိုင်တွေနဲ့ သူတို့သားသမီး မိသားစုတွေကြား သွားလာပြီး ကိုယ့်ဖို့ပဲကိုယ်သိသူတွေအတွက် ဒီလိုအနိဌာရုံတွေ ထပ်ထပ်ပြီး တွေ့လာရတော့မှာပါ။ ဖောက်ပြန်တဲ့ စစ်အုပ်စုရှိနေသမျှ စစ်ပွဲတွေ ရှိနေဦးမှာပါ။ တော်လှန်ရေးမှာ သင်္ကြန်မရှိဘူး။ လပြည့်နေ့မရှိဘူး။ တောတွင်း မြို့ပေါ် ခွဲခြားမှုမရှိဘူး။ အချိန်တိုင်း၊ နေရာတိုင်း တိုက်ပွဲတွေ ရှိနေနိုင်တဲ့အတွက် ပြည်သူလူထုတရပ်လုံး သတိရှိနေကြဖို့လိုတယ်ဆိုတာကို ဒီဖြစ်စဉ်ကနေ သင်ခန်းစာယူနိုင်ကြမယ်လို့ထင်ပါတယ်”

ဒီလိုသတင်းမျိုးကို ဝေဖန်ရေးလုပ်တဲ့အခါမှာ အမှန်က ဘာလဲ၊ ဘယ်သူတွေက လုပ်တာလဲ၊ ဘာကြောင့်လုပ် တာလဲ သေချာဆန်းစစ်ဖို့တော့ လိုပါတယ်။ ထင်ကြေးနဲ့ ကြားရသလောက်နဲ့ ရမ်းဝေဖန်တာမျိုး မဖြစ်သင့်ပါ ဘူး။ တပ်ဆင်နေရင်း ကိုယ့်လက်ထဲမှာ ကွဲနိုင်တဲ့ ဘေးအန္တရာယ်ရှိသလို မိသွားပြန်ရင်လည်း သေသည်အထိ နှိပ်စက်ညှင်းပန်းမှုမျိုးစုံခံရပြီး သေဒဏ်အမိန့်နဲ့ ထောင်ထဲမှာ အသတ်ခံရမယ့်ရက် ထိုင်စောင့်နေရမှာမျိုးကို အ ကြမ်းဖက်သမား နာမည်ခံပြီး အားအားယားယား ဘယ်သူမှ အကြောင်းမဲ့လုပ်မှာ မဟုတ်ပါဘူး။

စစ်အုပ်စု ထုတ်ပြန်တဲ့ သတင်းတွေမှာတော့ သေဆုံးသူတွေဟာ အပြစ်မဲ့ ပြည်သူလူထုတွေလို့ တွင်တွင်သုံး ထားတာတွေ့ရပြီး သူတို့အာဏာပိုင်အဖွဲ့အစည်းနဲ့ မဆိုင်သယောင် ဖော်ပြထားပါတယ်။ တကယ်တမ်း သေ ဆုံးသူတွေနဲ့ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရသူတွေကို လေ့လာကြည့်တဲ့အခါ အများစုက အာဏာပိုင်အ ဖွဲ့အစည်းကလူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။

ဖြစ်စဉ်မှန်ကို စုံစမ်းကြည့်တဲ့အခါမှာ ခုဗုံးပေါက်ကွဲတဲ့ X20 (SPECIAL ONE) မဏ္ဍပ်က သန်းရွှေအချစ်တော် မြေးလေး ဖိုးလပြည့် ကစားဖို့ ဆောက်ခိုင်းထားတဲ့ မဏ္ဍပ်ဖြစ်ပြီး သန်းရွှေက စိတ်မချလို့ ပြည်လမ်းက တေဇ မဏ္ဍပ်ဘေးကို CHANNEL-5 ဆိုတဲ့ နှစ်တိုင်း သူပေးနေကျ နာမည်နဲ့ ရဲလုံခြုံရေး တပ်ရင်းလိုက်ချပြီး ပြောင်း ကစားစေခဲ့တာပါ။

ဒါပေမယ့် X20 (SPECIAL ONE) မဏ္ဍပ်မှာ သန်းရွှေမြေးသာ မပါတော့တာ ရေကစားသူအများစုဟာ စစ် အုပ်စုခေါင်းကြီးပိုင်း သားသမီးတွေ အများစုဆိုတာ တွေ့ရပါတယ်။ ဖိုးအေး အပါအ၀င် ဖိုးလပြည့် ခေါ် နေရွှေ သွေးအောင်ရဲ့ သူငယ်ချင်းတွေ အများစုဖြစ်ပါတယ်။ ၁၄-၄-၂၀၁၀ နေ့က ဖိုးလပြည့်ကိုယ်တိုင် ညနေ (၃) နာ ရီကျော်မှာ လာရောက်ရေကစားခဲ့လို့ ဗိုလ်မှူးကြီးကိုယ်တိုင် အောက်ခြေမီးသတ်၊ မော်တော်ပီကယ်တွေ လုပ် တဲ့ အလုပ်မျိုးကို ယူနီဖောင်းကြီးတကားကားနဲ့ ကလေးကလား ဆင်းလုပ် ဖားယားပြနေရတာကို တွေ့ရပါ တယ်။ စစ်ဒေသမှူးကြီးနဲ့ ရဲမြို့နယ်မှူး၊ မယက ဥက္ကဌတတွေ ပြာယာခတ်နေမှုက X20 (SPECIAL ONE) မဏ္ဍပ်ဟာ အာဏာပိုင် သားသမီးတွေ၊ ပြည်သူတွေဆီက မတရားရယူထားတဲ့ ငွေတွေကိုဖြုန်းဖို့ နေရာတခုဆို တာ အထင်အရှားဖြစ်စေပါတယ်။

အဲဒီတော့ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်နဲ့ စစ်အုပ်စုရဲ့နှလုံးသွေး၊ ရင်နှစ်သည်းချာ သားသမီးရတနာလေး တွေနဲ့ သူတို့အတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေကို ဦးတည်တိုက်ခိုက်မှုဖြစ်တယ် ဆိုတာ ထင်ရှားလာပါတယ်။ စစ်အုပ်စုက သူတို့ကိုယ်တိုင် ၀ါဒဖြန့်ချိရေးအတွက် လုပ်တာမျိုး ဒီတခါတော့ မလုပ်ပါဘူး။

သေတဲ့ ဒဏ်ရာရတဲ့သူတွေထဲမှာ သာမန်ပြည်သူတွေပါတယ်ဆိုပေမယ့် တကယ်တမ်းအများစုက စစ်အုပ်စု အာဏာပိုင်တွေနဲ့ ရဲ၊ မီးသတ်၊ ရယက၊ မယက၊ ကြံ့ဖွတ်တွေပါ။ လုံခြုံရေးယူထားတဲ့ ကြားထဲကို လက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ပြီး တိုက်ခိုက်မှုပါ။ ဗုံးရှင်းလင်းရေးသမားတွေ ရောက်လာမှ ခွဲဖို့လုပ်ထားပုံရတဲ့ (မိသွားတဲ့) အ ပြင်းစား ရီမုတ်ကွန်ထရိုးနဲ့ ဗုံးတွေသာ စောစောခွဲခဲ့ရင် ပြည်သူတွေ ဒီ့ထက်ပိုထိခိုက်မှာပါ။ ခုဟာက ပြည်သူ ထိတယ်ဆိုတာ စစ်ပွဲတစ်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးအဆင့်ပဲရှိပါတယ်။

ပြည်သူလူထု ထိခိုက်တယ်ဆိုတာ စိတ်မကောင်းစရာပါ။ ဒါပေမယ့် စစ်အာဏာရှင်လက်ထက်မှာ ဒီလိုအနိဌာ ရုံတွေဟာ မဆန်းတော့ပါဘူး။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ရက်ရက်စက်စက် ပစ်သတ်ခံခဲ့ရတဲ့ ပြည်သူ တွေ၊ ဒီပဲယင်းမှာ ဗလာချီ ရိုက်သတ်ခံရတဲ့ ကျောင်းသားလူငယ်တွေ၊ ၂၀၀၇ စက်တင်ဘာမှာ သတ်ဖြတ်ခံခဲ့ရ တဲ့ သံဃာတွေ၊ ကျောင်းသားပြည်သူတွေ၊ မတရားသဖြင့် နှိပ်စက်မှုတွေကြောင့် အကျဉ်းထောင်အသီးသီး၊ ရဲ ဘက်စခန်းအသီးသီးမှာ လူမသိသူမသိ သေခဲ့ရသူတွေ၊ ကရင်ပြည်နယ်နဲ့ တိုင်းရင်းသားဒေသတွေမှာ စစ် တပ်ရဲ့ ရွာထဲလက်နက်ကြီးနဲ့ ပစ်၊ ရွာလုံးကျွတ် မီးရှို့၊ မုဒိန်းကျင့်သတ်ဖြတ်မှုတွေကြောင့် သေခဲ့ရတဲ့ ပြည်သူ တွေ၊ မပြည့်စုံတဲ့ စားဝတ်နေမှုဘ၀တွေမှာ တဖြည်းဖြည်း အဟာရချို့တဲ့ပြီး သေခဲ့ရတဲ့ ပြည်သူတွေ၊ လုံ လောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရလို့၊ ဆေးမကုနိုင်လို့ မသေသင့်ပဲ သေခဲ့ရတဲ့ ပြည်သူတွေ များလှပါ ပြီ။ (နာဂစ်မုန်တိုင်းတိုက်ချိန်မှာ အာဏာတည်မြဲရေးကိုပဲ ဦးစားပေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကိုပဲ အာရုံစိုက်နေလို့၊ ကယ်ဆယ်ရေးမလုပ်လို့ ပြည်သူတွေသိန်းချီသေခဲ့တာ ဘာမှမကြာသေးပါဘူး)။

ခုလို ကပ်ဆိုက်နေတဲ့ တိုင်းပြည်မှာ ဒုက္ခဆင်းရဲတွေကြားကနေ လွတ်မြောက်အောင်မကြိုးစားဘဲ သင်္ကြန်ဆို တာမျိုး ခေါင်းစဉ်တပ် အပျော်အပါးနောက် လိုက်နေတာမျိုးတွေ၊ အာဏာပိုင်တွေနဲ့ သူတို့သားသမီး မိသားစု တွေကြား သွားလာပြီး ကိုယ့်ဖို့ပဲကိုယ်သိသူတွေအတွက် ဒီလိုအနိဌာရုံတွေ ထပ်ထပ်ပြီး တွေ့လာရတော့မှာ ပါ။ ဖောက်ပြန်တဲ့ စစ်အုပ်စုရှိနေသမျှ စစ်ပွဲတွေ ရှိနေဦးမှာပါ။ တော်လှန်ရေးမှာ သင်္ကြန်မရှိဘူး။ လပြည့်နေ့မရှိ ဘူး။ တောတွင်းမြို့ပေါ် ခွဲခြားမှုမရှိဘူး။ အချိန်တိုင်း၊ နေရာတိုင်း တိုက်ပွဲတွေ ရှိနေနိုင်တဲ့အတွက် ပြည်သူလူထု တရပ်လုံး သတိရှိနေကြဖို့လိုတယ်ဆိုတာကို ဒီဖြစ်စဉ်ကနေ သင်ခန်းစာယူနိုင်ကြမယ်လို့ ထင်ပါတယ်။

ဘယ်နေ့ဘယ်အချိန်မှာ ဘယ်နေရာမှာ ဘာဖြစ်မလဲလို့ အထိတ်ထိတ် အလန့်လန့်နေရတဲ့ ဘ၀မျိုးကလွတ် အောင်၊ ငြိမ်းချမ်းရေးရှိအောင် စစ်အာဏာရှင်ကို ဆန့်ကျင်ကြ၊ ပြည်သူ့အစိုးရပေါ်ထွန်းရေး ကြိုးစားကြ။ ။

No comments:

Post a Comment